အမြို့မြို့အနယ်နယ်သတင်းများ

Jan 09,2022
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်စာရေးဆရာ အသင်းဝင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရပြီး အခက်အခဲအချို့ကြောင့် အဆင်ပြေစေရေးနှင့် ၂၀၂၂ ခုနှစ် နှစ်ဦးကာလတွင် မြို့နယ်စာရေးဆရာများအား တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုစေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက ကမာကဆစ်ရပ်ကွက် ဒလ-တွံတေး ကားလမ်းမကြီးဘေးရှိ မြို့နယ်စာရေးဆရာအသင်း ရုံးခန်း၌ စာရေးဆရာ အသင်းဝင်များအား ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။
Jan 09,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ၌ ရာသီမရွေးစိုက်ပျိုးနိုင်သည့် ကြက်ဟင်းခါးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဘိန်း​ဗျောကျေးရွာမှ ကြက်ဟင်းခါးသီး စိုက်ပျိုးရောင်းချသူ ဦးစည်သူထံမှ သိရသည်။
Jan 09,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်နှင့် မွန်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့သည်။
Jan 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကျားတက်ကျေးရွာနှင့် ကမာကလဲကျေးရွာများ အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျားတက် ကျေးရွာနှင့် ကမာကလဲကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွ နေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
Jan 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးအပ်လာသည့် နေရပ်ပြန်​မြန်မာနိုင်ငံသားများအား တာဝန်ရှိသူတို့က ယမန် နေ့မွန်းလွှဲပိုင်းက မော်တော်ယာဉ်များဖြင့် မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
Jan 09,2022
မိတ္ထီလာတွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ပူးပေါင်း ဆောင်ရွက်သော စာပေဗိမာန်စာပေစာမူဆု ဝတ္ထုတိုပေါင်းချုပ်ဆုရ စာရေးဆရာအား ဂုဏ်ပြုပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဦးစီးဌာနရှိ လူထုထုအခြေပြု ဗဟိုဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။
Jan 09,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ဧည့်စာရင်းစစ်ဆေးဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့  ည ၉ နာရီက ပူးပေါင်းရေးအဖွဲ့မှ   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 09,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက် ၉ နာရီက မြို့မရပ်ကွက်ရှိ သီရိရတနာဈေးရှေ့တွင် ဈေးရောင်း၊ ဈေးဝယ်သည့် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေ းဆောင်ရွက်ခဲ့ကြောင်း သိရသည်။