ဇီးကုန်း ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်း မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့်လမ်းဆုံ၌ ပြုလုပ် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင် ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကို မကြာခ ဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ် ခွာခွာနေထိုင်ရန်နှင့် ဟောင်းနွမ်း maskကို မတပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင် ကာကွယ်ရေး အချက်များကို အသိပညာပေး ပြောကြားပြီး၊ ပါးစပ်နှင့် နှာခေါင်းစည်း(mask) မပါသူများကို ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)