ပုသိမ်ကြီး ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံး၏ ပြည်သူများအား ပန်းခင်းစီမံချက်၏ (Door to Door) စနစ်ဖြင့် အိမ်အရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်များအား ယနေ့ နံနက် ၉ နာရီခွဲက ရေထွက်ကျေးရွာအုပ်စု၊ ဝါးကပ်တန်းကျေးရွာ၊ ပေါက်တောချောင် ကျေးရွာတို့သို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရန် ကျန်ရှိနေသူ စုစုပေါင်း (၃၈၀၀၁၆)ဦး ရှိပြီး၊ လျာထားချက်အား (၁၈)လ အတွင်း ဆောင်ရွက်သွားရန် လမ်းညွှန်မှုများ ပြုထားပြီးဖြစ်ရာ၊ ပုသိမ်ကြီးမြို့နယ်တွင် ရပ်ကွက် (၁)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၇)အုပ်စုရှိပြီး၊ ဆောင်ရွက်ရန် ကျန်ရှိသူ (၇၃၉၂)ဦး၊ ပြီးစီးမှု ရာခိုင်နှုန်းမှာ (၅၅.၈၈) ရာခိုင်နှုန်းဖြစ်သဖြင့်၊ ဇန်နဝါရီလ (၈) ရက်နေ့ကစ၍ တစ်လအတွင်း ရာနှုန်းပြည့် ပြီးစီးအောင်မြင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာန လက်ထောက်မြို့နယ်မှူး ဦးမျိုးဝင်းကြိုင်ထံမှ သိရသည်။
မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ရာနှုန်းပြည့်မီ ပြီးစီးရန်အတွက် (Door to Door) စနစ်ဖြင့် တစ်အိမ်တက်/ဆင်း ဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးခရိုင်ဦးစီးမှူး ဦးဝင်းလှိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် လက်ထောက်မြို့နယ်မှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)