Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်(omicron)ရောဂါပိုး သတိပြုကာကွယ်ရေး ပျော်ဘွယ်မြို့နယ်တွင်အသိပေးနှိုးဆော်လျက်ရှိ
Jan 10,2022
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်(omicron)ရောဂါပိုးအား သတိပြုကာကွယ်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းတို့သည် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉နာရီခွဲက ရွှေပြည်ရန်နိုင်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်…
Jan 10,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker)ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများဆောင်ရွက်
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် ဇီချိုင်ကျေးရွာအုပ်စုတွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ပမ္မဝတီသား ဆေးဝန်ထမ်းတပ်ဖွဲ့ပါရဂူများနှင့် ဆရာဝန်များမှ ယမန်နေ့ နေ့လယ်ပိုင်းက အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Jan 10,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေး ဆရာချစ်မင်းသူရေးသားသော "ပန်းတိုင်အထွတ် အထိပ်သို့"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့စည်ပင်သာယာမြို့မဈေးတွင် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jan 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာမြို့မဈေးအရှေ့နှင့် အနောက်ဘက်တို့တွင် အုတ်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းကို ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်တွင် ပဲစင်းငုံပေါ်ချိန် တောင်သူများ ဈေးကောင်း ရရှိနေ
Jan 10,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ ဒေသခံတောင်သူများ ပဲစင်းပေါ်ချိန် ဈေးကောင်းရနေ သဖြင့် ဈေးကောင်းအမှီ ရောင်းချနိုင်ရေး ကျိုးစားဆောင်ရွက်လျက်ရှိကြောင်း ကူကြီးကျေးရွာမှ ဒေသခံ တောင်သူ တစ်ဦးထံမှ ယမန်နေ့က သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထောက်ပံ့ကြေး တစ်ကြိမ်တစ်ခါမှ မရရှိသေးသည့် ကျေးရွာအုပ်စု(၄၃)အုပ်စုမှ မသန်စွမ်းထပ်တိုး (၃၆၃)ဦးအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ သာပေါင်းမြို့နယ်အတွင်းရှိ ထောက်ပံ့ကြေး တစ်ကြိမ် တစ်ခါမှ မရရှိသေးသည့် ကျေးရွာအုပ်စု(၄၃)အုပ်စုမှ မသန်စွမ်း ထပ်တိုး(၃၆၃)ဦး
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23122
Page
23123
Page
23124
Page
23125
Current page
23126
Page
23127
Page
23128
Page
23129
Page
23130
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department