မင်္ဂလာဒုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ Baby Mask နှင့် တီရှပ်အင်္ကျီများ လှူဒါန်း

မင်္ဂလာဒုံ ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ အ.လ.က(၁၀)နှင့် မူလွန်(၁၃)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ Baby Mask နှင့် တီရှပ်အင်္ကျီများ လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းမှုတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြောက်ပိုင်းခရိုင် ကြက်ခြေနီဥက္ကဋ္ဌ ဦးနေဆန်းမှ မင်္ဂလာဒုံမြို့နယ်ရှိ အ.လ.က(၁၀)နှင့် မူလွန်(၁၃)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား Baby Mask အခု(၅၀၀)နှင့် တီရှပ်အင်္ကျီ အထည်(၂၀၀)တို့အား လှူဒါန်းခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ပုံ တပ်ဆင်နည်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများကိုလည်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြား ပေးခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)