အထက်မင်းလှ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ် အိုမီခရွန်ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ထိုးနှံရေးအသိ ပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁၂ နာရီကတောင်ရပ်ကွက်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန် သည် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှုပိုမိုများပြားလာခြင်း အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ရောဂါနှင့်လုံး၀မတူတော့ခြင်း လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှုလျော့ကျနိုင်ခြင်း ယခင်ကိုဗစ်-၁၉ရောဂါဖြစ်ဖူး သူများ လည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးဆက်မှုပိုမိုမြန်ဆန်ခြင်း တို့ကြောင့် ပြည်သူလူထုအနေနှင့် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကိုအကြိမ်ပြည့်ထိုးနှံကြရန်၊ ကာကွယ် ဆေးထိုးနှံပြီးသော်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား တိကျစွာ လိုက်နာ ကြရန်နှင့် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့မလိုအပ်ဘဲထွက်ခွာ သွားခြင်းမပြုရန်၊ မဖြစ်မနေထွက်ခွါသွားလာရပါက နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင် သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်တစ်ဦး နှင့်တစ်ဦး(၆)ပေအကွာခပ်ခွာခွာနေထိုင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန် ချက်များအတိုင်းလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။
ထို့အပြင်မင်းလှမြို့နယ်အတွင်းရှိပြည်သူများအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်ဆေးထိုး စုရပ်များ၌ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက်၁၈နှစ်အထက် ပြည်သူ များ အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကိုသတ်မှတ်ဆေးထိုး စုရပ်များတွင်သွားရောက် ထိုးနှံကြရန် နှင့် ကာကွယ်ဆေးကို အကြိမ်ရေပြည့်ထိုးနှံကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)