ဆင်ပေါင်ဝဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဒေသခံပြည် သူများအား လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်ပြည်သူများအား နိုင်ငံသား ကတ်ရရှိနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့က ဂွေးတောက်စမ်းကျေးရွာအုပ်စု၊ ဂွေးတောက်စမ်း ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီး အရာရှိ ဦးသိန်းလွင်နှင့် ဝန်ထမ်းများက နိုင်ငံသားဖြစ်သူတိုင်း မှတ်ပုံတင် ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာထိုသို့ကွင်းဆင်းဆောင်ရွက်ခြင်း ကိုမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး နှင့်တာဝန်ရှိသူများမှသွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို မြို့နယ်လဝကဦးစီးမှူးရုံးတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

(နိုင်လင်း)မြို့နယ်ပြန်/ဆက်