ရေနံချောင်း ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် (၈) နာရီက မြို့မတောင်ရပ်ကွက် တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော် ကြီးကြပ်၍ ဒု-လဝကမှူး ဒေါ်အေးနွဲ့မူ ဦးဆောင်သော ဝန်ထမ်း(၅)ဦးဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ မြို့မတောင် ရပ်ကွက်ရှိ နိုင် ၃(က) ဆောင်ရွက်သူ(၃၁)ဦး၊ နိုင် ၆ (က) ဆောင်ရွက်သူ (၃၁)ဦး စုစုပေါင်း(၆၂)ဦးအတွက် နေ့ချင်းပြီး ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်းနှင့် အဆိုပါကွင်းဆင်း ဆောင်ရွက်မှုတွင် ရွှေပျိုးခင်း ပရဟိတအသင်းမှ လူငယ်မောင်မယ်များက ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ငြိမ်းငြိမ်းအိ