ကျိုက်လတ် ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲ ပြသခြင်းကို ယနေ့ နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ပြပွဲတွင် ပြည်သူများ၊ စာဖတ်ပရိသတ်များ လေ့လာနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအနှံအပြားတွင် ကျယ်ပြန့်စွာဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပွားနေသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းအရင်း၊ လူကုန်ကူးမှု ပြစ်မှု၊ ပြစ်ဒဏ်များ စသည့် အသိပညာပေး အကြောင်းအရာများ၊ ဆောင်းပါးများ၊ ဓာတ်ပုံများ ပြသထားရှိပြီး၊ စာအုပ်ပြပွဲတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ရေးသားထားသည့် စာအုပ်များ၊ သုပဒေသာစာစောင်များ၊ သုတရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ စုံလင်စွာ ပြသထားရှိရာ စာဖတ်ပရိသတ်နှင့် ပြည်သူများ စိတ်ဝင်စားစွာ လေ့လာခဲ့ကြသည်။
ဌေးဌေးလှိုင်