မြင်းမူ ဇန်နဝါရီလ ၁၀
ပွင့်လင်းရာသီရောက်ရှိလာသည်နှင့် အညီ အဆောက်အဦများမီးလောင်ကျွမ်းမှုမရှိ စေရေး အတွက် မီးငြိမ်းသတ်ခြင်း လက်တွေ့ပြသခြင်းကို ဇန်နဝါရီလ(၉) ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့မဈေးတွင်ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ယခုအချိန်သည် ပူပြင်းခြောက်သွေ့သည့် အချိန်သို့ရောက်ရှိလာပြီဖြစ်ကြောင်း၊ မိမိ နေ့စဉ် အသုံးပြုလျက်ရှိသည့် မီးသုံးစွဲမှုပေါ့ဆခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် မီးလောင် ကျွမ်းမှုဖြစ်ပေါ်လာပါက အချိန်တိုအတွင်းအန္တရာယ်ကင်းစွာ မီးငြိမ်းသတ်နိုင်ရေး
ယခုကဲ့သို့ ဈေးသူဈေးသားများကို လက်တွေ့မီးငြိမ်းသတ်ခြင်းပြသပေးခြင်းဖြစ်ကြောင်း၊ မီးငြိမ်းသတ်ရာတွင် ဆီမီးလောင်ခြင်းကို ရေစိုအဝတ်ဖြင့်ဖုံး အုပ်ငြိမ်းသတ်ခြင်း၊ မီးသတ် ဆေးဘူးကို ကျွမ်းကျင်စွာကိုင်တွယ်ငြိမ်းသတ်နိုင်ရေးတို့အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ သန္ဓေတပ်ဖွဲ့ ဝင်များပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းအပြင်မီးသတ် ရေယာဉ်များဖြင့်လက်တွေ့ မီးငြိမ်းသတ်ခြင်းကိုလည်း လက်တွေ့ပြသပေးခဲ့ကြောင်း ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးထံမှသိရှိရသည်။
လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးရဲကိုကိုနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဈေတာဝန်ခံနှင့် ဈေးသူဈေး သားများတက် ရောက်ခဲ့ ကြောင်းသိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)