မြောက်ဥက္ကလာပ ဇန်နဝါရီလ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီခွဲက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်မြမြဝင်းမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော လူငယ်နှင့်ဇွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ပြီး ဆရာက "ဒီစာအုပ်ထဲမှာ အခန်းပေါင်း(၂၅)ခန်း ပါဝင်ပြီး အနာဂတ်နိုင်ငံတော် ရှင်သန်တိုးတက်ရေးအတွက် ဇွဲသတ္တိနဲ့ ပြည့်စုံတဲ့လူငယ်တွေ ပေါ်ထွန်းလာစေရန်အတွက် သုတ၊ ရသ စုံလင်စွာ တင်ပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်"ဟု ဆက်လက်ဖတ်ကြား ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း