မိုးနဲမြို့၌ ဆောင်းသီးနှံ ပန်းနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တောင်သူများ မိသားစု အပိုဝင်ငွေရရှိ

မိုးနဲ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ဒေသနေပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အထိကထား လုပ်ကိုင်ဆောင်ရွက်လျက် ရှိပြီး မိုးသီးနှံဖြစ်သော ပြောင်းစိုက်ခင်းများရိတ်သိမ်းပြီးချိန်တွင် သီးထပ်အဖြစ် ဆောင်းသီးနှံ ပန်းနှမ်းပင်များကို ဆက်လက်စိုက်ပျိုးထားရှိရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဆောင်းသီးနှံတစ်မျိုးဖြစ်သော ဆီထွက်သီးနှံဖြစ်သည့် ပန်းနှမ်းပင်များကို သီးထပ်အဖြစ် စိုက်ပျိုးထားရှိရာ မိုးနဲမြို့နယ်တွင် ပန်းနှစ်စိုက်ဧက (၁၀၉) ဧက‌ကျော် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရှိရပြီး အချို့ပန်းနှမ်း စိုက်ခင်း များမှာ ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း ပန်းနှမ်းတစ်ဧက ထွက်နှုန်းမှာ ၉ ဒသမ ၂၅ တင်း၊ ပိဿာအားဖြင့် ၁၃၀ ပိဿာ ကျော်ထွက်ရှိပြီး ပန်းနှမ်းတစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းရသဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း နားခံကျေးရွာနေ ပန်းနှမ်းစိုက်ပျိုးသူ ဦးကောလိန်ည၏ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)