ကရသူရိမြို့တွင်  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကရသူရိ ဇန်နဝါရီလ  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းမြို့နယ်၊    ကရသူရိမြို့တွင်   ကိုဗစ်-၁၉  မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀နာရီက ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကို ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း(Mask) ကို တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးများကို ရှောင်ကြဉ်ကြပါ၊ မလိုအပ်ဘဲခရီးသွားလာခြင်း တို့ကိုရှောင် ကြဉ်ကြပါ၊ နှာခေါင်းစည်း(Mask)တပ်ဆင်မထားသူများနှင့် ဈေးရောင်း/ဈေးဝယ်ခြင်းများမပြုလုပ်ကြရန်၊ လက်ကိုမကြာခဏစနစ်တကျဆေးကြောပေးပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  နီးစပ်ရာ  ကျန်းမာရေးဌာနများသို့ သွားရောက်၍ မပျက်မကွက်အကြိမ်ပြည့် ထိုးနှံပေးကြပါရန်နှင့်   ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအတိုင်း လိုက်နာနေထိုင် ပေးကြရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)