ချောင်းဆုံ ဇန်နဝါရီ ၁၀
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက် ၁၀ နာရီက တိုးချဲ့ရပ်ကွက်တွင် (ဗီဇပြောင်း) အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာနေ ထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ခွာပါကနှာခေါင်းစည်း (Mask) ကို သေချာစွာ တပ်ဆင်ကြရန်၊ လက်ကိုသေချာစွာ ဆေးကြောကြရန်၊ ကျန်းမာရေးဌာနမှ ထုတ်ပြန် ထားသည့်လိုက်နာရမည့် စည်းကမ်းများကို မဖြစ်မနေလိုက်နာကြရန်၊ ကိုဗစ် ကာကွယ်ဆေး မထိုးနှံရသေးပါက သက်ဆိုင်ရာဌာန၊ ရပ်ကွက် အုပ်စုအုပ်ချုပ်ရေးမှူးတို့ထံစာရင်း ပေးသွင်းပြီး အမြန်ဆုံး ကာကွယ်ဆေးထိုးနှံကြရန်၊ ကိုဗစ်ရောဂါ လက္ခဏာတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆေးကုသမှု ခံယူကြရန် စသည့် အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)