အင်္ဂပူ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ထောက်ပံ့ကြေးမရရှိဖူးသော မသန်စွမ်းဦးရေ(၆၀)ဦးအားတစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား တစ်လလျှင်ထောက်ပံ့ငွေ တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယခုအခါ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်ခြောက်လ၊ ပထမသုံး လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ဒီဇင်ဘာ) လများအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ဟင်္သာတခရိုင်၊ လူမှူဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်ခင်မေဝင်းကျော်၊ အင်္ဂပူမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဒုဦးစီးဦးအောင်ခန့်ကျော်နှင့်အဖွဲ့တို့မှ ထောက်ပံ့ငွေများကို မသန်စွမ်းသူများထံသို့ ကိုယ်တိုင်ကိုယ်ကြ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)