အမာမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

အမာ   ဇန်နဝါရီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ် စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၁)နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်ပြသရာတွင်  ပြည်သူများ၊ စာဖတ်ပရိသတ်များ လေ့လာ နိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအနှံအပြားတွင် ကျယ်ပြန့်စွာဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှု ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပွားနေသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှု ဖြစ်ပွားရသည့် အကြောင်းအရင်း၊ လူကုန်ကူးမှု ပြစ်မှု၊ ပြစ်ဒဏ်များစသည့် အသိပညာပေး အကြောင်းအရာများ၊ ဆောင်းပါးများ၊ ဓာတ်ပုံများ ပြသထားရှိရာ ပြည်သူများနှင့် စာပေဝါသနာရှင်များက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အမာ (ပြန်/ဆက်)