ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မိုင်းဆတ်ခရိုင်ဥပဒေရုံးသစ် တက်ရောက်ဖွင့်လှစ်ပေး

မိုင်းဆတ် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်တွင် ဥပဒေရုံးသစ်ဖွင့်ပွဲကို ဇန်နဝါရီ(၈)ရက်နံနက်(၈)နာရီခွဲက မိုင်းဆတ် မြို့တွင် ကျင်းပသည်။ ဥပဒေရုံးသစ် အဆောက်အဦကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရုံးသစ်ဆိုင်းဘုတ်အား အမွှေးနံသာ ရည်ပတ်ဖြန်းပေး ခဲ့ကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မိုင်းဆတ်ခရိုင်ဥပဒေရုံးနှင့် မိုင်းဆတ်မြို့နယ်ဥပဒေရုံးတို့သည် အဆောက်အဦတစ်ခုတည်း၌(၂)ရုံး ပေါင်းဖွင့်လှစ်ထားရ ပါကြောင်း၊ ယခုဆိုဖြင့် ခရိုင်ဥပဒေရုံးနှင့် မြို့နယ်တို့သည် သီးခြားအဆောက်အဦကိုယ်စီရှိပြီးဖြစ်၍ နေရာထိုင်ခင်းလုံလောက်စွာဖြင့် ရုံးလုပ်ငန်းကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မိုင်းဆတ်မြို့တွင် ယခုလိုခမ်းနားထည်ဝါသည့် အဆောက်အဦသစ် တည်ဆောက်နိုင်ခြင်းသည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူဖြစ်ပြီးရုံး အဆောက်အဦကို တိုးတက်ကောင်းမွန်အောင်နိုင်ငံ တော် အစိုးရက ပံ့ပိုးဆောင်ရွက်ပေးနေသလိုဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း ယခုထက်ပို၍ မိမိဌာန၏ လုပ်ငန်းများ အောင်မြင်တိုးတက်အောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက အမှာစကားပြောကြားပြီး ပြည်နယ်ဥပဒေအရာရှိ ဦးဇော်ဇော်ထွေးမှ အဆောက်အဦသစ်နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကာမိုင်း ဆတ်ခရိုင်ဥပဒေရုံး အဆောက်အဦ သစ်နှင့် စပ်လျဉ်းသည့်စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ကြပြီး မိုင်းဆတ်ခရိုင်ဥပဒေရုံးသစ် ဖွင့်လှစ်ပွဲ အထိမ်း အမှတ်အလံများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများအား နေရာအရောက်ပေး အပ်ကြသည်။

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မိုင်းဆတ်မြို့ပရိယတ္တိစာသင်တိုက်မိုင်းဖုန်း ဆရာတော်ဓမ္မာရုံ တည်ဆောက်နေမှု အားသွားရောက်ကြည့်ရှုပြီး မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံဝင်းတွင် ဖွင့်လှစ်ထားသောအောက်စီဂျင်စက်ရုံအား သွားရောက်ကြည့်ရှုပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ်(၁၀)သ်န်းစီတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပေးအပ်ရာတာဝန်ရှိသူများမှ အသီးသီးလက်ခံရယူကြသည်။ အဆိုပါအောက်စီဂျင်စက်ရုံမှ တစ်နေ့ လျှင် (၄၀) လီတာအိုးအလုံး (၄၀) ထွက်ရှိကြောင်း သိရသည်။

ထို့နောက် မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပသော လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်`ပန်းခင်း´စီမံချက်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ `ပန်းခင်း´စီမံချက်နှင့်ဆောင်ရွက်ပေးရန် (၅၄၀၆၃) ဦးရှိသည့် အနက်စီမံချက် စတင် သည့် ၂၀၂၁ ခုနှစ်မေလ(၃)ရက်နေ့မှယနေ့ထိ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် အိမ်ထောင်စု(၆၉၆၃)စု၊ လူဦးရေ (၃၀၄၃၉)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၂၉၆၄)ဦးကို ဆောင်ရွက်ပေးနိုင်သည့်အတွက်ကြောင့် လုပ်ငန်း ပမာဏ (၆၀.၉၇%) ပြီးစီးပြီဖြစ်ကြောင်းနှင့် မိုင်းဆတ်ခရိုင်တွင်ပန်းခင်းစီမံချက်နှင့် ဆောင်ရွက်ပေးရန်(၈၁၄၆)ဦးရှိသည့် အနက်စီမံချက်စတင်သည့် ၂၀၂၁ ခုနှစ်မေလ(၃)ရက်နေ့မှယနေ့ထိ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် အိမ်ထောင်စု (၅၄၁၃) စု၊ လူဦးရေ(၂၃၉၉၂)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၆၅၄၂) ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် လုပ်ငန်းပမာဏ(၂၀၃.၀၇%) ပြီးစီးခြင်းကြောင့် မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ပန်းခင်းစီမံချက် လျာထား ချက်အားရာခိုင်နှုန်းပြည့်ပြီးစီးအောင် မြင်အောင်ကြိုးပမ်းအားထုတ်ဆောင်ရွက်ထားရှိမှုကို သိရပါကြောင်း၊ မိုင်းဆတ်မြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွကပေးရန်(၃၆၆၆)ဦးရှိသည့် အနက်ယနေ့ထိ ဆောင်ပြီးစီးမှုအနေဖြင့်အိမ်ထောင်စု(၃၂၆၀)စု၊ လူဦးရေ(၁၄၇၁၈)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၈၅၃၀) ဦးကို ဆောင်ရွက်ပေးနိုင်သည့်အတွက် လုပ်ငန်းပမာဏ(၂၃၂.၆၈%)ပြီးစီးပြီး ယနေ့အခမ်းအနားတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မိုင်းဆတ်မြို့နယ်အတွက် အိမ်စု(၁၉)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၈၃) ဦး၊ မိုင်းတုံမြို့နယ် အတွက် အိမ်ထောင်စု(၃၅)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၀)ဦး၊ မိုင်းဆတ်ခရိုင်အတွင်းအိမ် ထောင်စု(၅၄)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၂၃)ဦးအတွက် ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ မိုင်းဆတ်မြို့နယ် ပန်းခင်းစီမံ ချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော ဝိန်းနေရပ်ကွက် ပြည်သူ့(၂)ဦးနှင့် မိုင်းဆတ်ခရိုင်ဦးစီးမှူးအား ဂုဏ်ပြုမှတ်တမ်း လွှာများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်၍လည်းကောင်း၊ ဝမ်ကောင်းကျေးရွာ အုပ်စုအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွန်းက ပေးအပ်၍ လည်းကောင်း၊ ဝမ်ကောင်းကျေးရွာ၊ မဟုန်ကန်ကျေးရွာအုပ်စု၊ ဝိန်းနေရပ်ကွက် ကုန်းကုလားကျေးရွာတို့အား ပြည်နယ်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ အသီးသီး ပေးအပ်ခဲ့ကြပြီး ဒေသခံတိုင်းရင်းသားများ (ကိုယ်စား) မိုင်းဆတ်မြို့နယ် မယ်ဆွမ်မြောက်ရပ်ကွက်နေ နန်းဝိုဟွမ်အွမ်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

၎င်းနောက်  ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူး၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ၂၀၂၂ ခုနှစ် လားဟူ တိုင်းရင်းသားနှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ကာ လားဟူ ရိုးရာအကြီးအကဲတစ်ဦးဖြစ်သော တိုဘိုကြီးဦးကျ ဝိုခါးမှနှစ်သစ်မင်္ဂလာအဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့် အမှာစကားပြောကြား၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုး မင်းထွန်းကနှစ်သစ်ကူးဂုဏ်ပြုအမှာ စကားပြောကြား၍တိုဘိုကြီးတို့အား ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂါရဝလက်ဆောင်ကိုနေရာအရောက် ပေးအပ်ကာရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ အလှူငွေကျပ်(၁၀) သိန်းတို့ကိုပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က အသီးသီးပေးအပ်ကြရာတာ ဝန်ရှိသူများက လက်ခံရယူကြပြီး တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် မိုင်းဆတ်မြို့နယ် မယ်ကြုတ်ကျေးရွာသို့ ရောက်ရှိကာလားဟူ တိုင်းရင်းသားရိုးရာနှစ်သစ်ကူးတက် ရောက်အားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကပေးအပ်ရာ တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့လက်ရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် တာချီလိတ် (ရှမ်းအရှေ့) ရေပေးဝေရေးကုမ္ပဏီလီမိတတ်မှ တာချီလိတ်မြို့ ရေပေးဝေဖြန့်ဖြူးရေး စီမံကိန်းလုပ်ငန်းအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူမှရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)