မောင်တော ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီရောင်းချနေသည့် ဆိုင်ပိုင်ရှင်များအား ယနေ့ နံနက် ၁၀ နာရီ အချိန် မြို့နယ်မီးသတ် ဦးစီးမှူးရုံးတွင် မီးဘေးအသိပညာပေး ဟောပြောခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်က စက်သုံးဆီ ရောင်းချသူများ အနေဖြင့် မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရေး ဆောင်ရန်၊ ရှောင်ရန်ကိစ္စရပ်များ၊ မိမိတို့ဆိုင်များတွင် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ ရှေးဦးမီးငြိမ်း သတ်ဆေးဘူးများ ထားရှိရေး၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက စက်သုံးဆီ အရောင်းဆိုင်များရှိ အလုပ်သမားများအနေဖြင့် ရှေးဦး မီးငြိမ်းသတ်ဆေးဘူးများ အသုံးပြုတတ်စေရေးအတွက် သင်ယူထားရှိကြပါရန်နှင့် သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားရန် ကိစ္စရပ်များ၊ မိမိတို့ စက်သုံးဆီဆိုင်များတွင် ပြည်သူများ သိရှိလိုက်နာ နိုင်စေရေးအတွက် မီးဘေးလုံခြုံရေး ပညာပေး ဆိုင်းဘုတ်များ ထားရှိစေရေး တို့ကို စသည့် ဟောပြောခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)