အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့နံနက် (၁၀)နာရီအချိန် လူမှုဝန်ထမ်းဦးစီး ဌာနမှ ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအထက်တန်း ကျောင်း၊ သော်ကဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 12,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသ လင်းတဲကျေးရွာတွင် ကော်ဖီစိုက် ဧက ၇၀၀ ကျော်ရှိပြီး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းကာ ကော်ဖီသီးများ ခူးဆွတ် လျက်ရှိကြောင်း သိရသည်။
Jan 12,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့ဝင်များပူးပေါင်း၍ မှုခင်းလျော့နည်းကျဆင်းရေးနှင့် ကြိုတင်ကာကွယ်ရေး ရှောင်တခင် စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က စတင်ကာ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
Jan 12,2022
ရခိုင်ပြည်နယ် မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက် ၉ နာရီ အချိန်က အခြေခံပညာ အထက်တန်းကျောင်းရှိ သဇင်ခန်းမအတွင်း၌ ကျေးရွာအုပ်စုများရှိ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်း နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jan 12,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ပြည်လုံးချမ်းသာ အလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ ၂၅ နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အဖြစ် အကြိုဘောလုံးပြိုင်ပွဲကို ငလပွေ့ရပ်ကွက်ရှိ အဆိုပါဘုရားရှေ့ ကွင်းပြင်ကြီး တွင် စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။
Jan 12,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေပုံမြို့နယ် ရုံးဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာမ ခင်မေထက် (ပညာရေး)၏“စနစ်သစ်ပညာရေးနှင့် ဆောင်ယူမည့် လေညင်းလေး”စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။
Jan 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေး အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း များကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ ကရင်စုကျေးရွာ မဟာအတုလတန် ဆောင်းကျောင်းတိုက်တွင်ယနေ့နံနက် (၈)နာရီခွဲအချိန်က အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း (၁/၂၀၂၂)ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။