နမ္မတူ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့ဝင်များပူးပေါင်း၍ မှုခင်းလျော့နည်းကျဆင်းရေးနှင့် ကြိုတင်ကာကွယ်ရေး ရှောင်တခင် စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က စတင်ကာ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခိုး၊ ဆိုး၊ လု၊ နှိုက်၊ အခြားရာဇဝတ်မှုများ လျော့နည်းပပျောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးရည်ရွယ်၍ ဇန်နဝါရီလ(၁၂)ရက်နေ့မှစတင်ကာ စစ်ဆေးရေး အဖွဲ့(၄)ဖွဲ့ခွဲ၍ နေ့စဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ရာဇဝတ်မှုဖြစ်ပေါ်နိုင်သော နေရာများ၌ မသင်္ကာသူ/သံသယရှိသူနှင့် ဆိုင်ကယ်တစ်စီးလျှင် အမျိုးသား နှစ်ဦးနှင့် ၎င်းထက်ပို၍စီးနင်းလာပါက တားဆီးစစ်ဆေးမှာဖြစ်ပြီး လူကိုအန္တရာယ် ဖြစ်စေနိုင်သော တုတ်၊ ဓါး၊ လက်နက်များအား တောင်ယာ၊ လုပ်ငန်းသုံးသူများ ဟုတ်/မဟုတ် စိစစ်၍ သိမ်းဆည်းသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)