ကျား/မ ရေးရာ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

သာပေါင်း ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့နံနက် (၁၀)နာရီအချိန် လူမှုဝန်ထမ်းဦးစီး ဌာနမှ ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအထက်တန်း ကျောင်း၊ သော်ကဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါး မှ ကျား/ မရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အချက်အလက်များအား ပရိုဂျက်တာဖြင့် ဖွင့်လှစ်ပြသ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းပြောကြားပြီး တိုင်းဥပဒေချုပ်ရုံး၊ တိုင်းလက်ထောက်ဥပဒေ အရာရှိဒေါ်တင်ဇာထွန်းမှ ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ ဥပဒေကိစ္စရပ်များကို တတ်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်မှ ကျေးဇူးတင်စကား ပြန် လည်ပြောကြားခဲ့ကြောင်း သိရသည်။ ကျား/ မရေးရာအခြေပြု  အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ်၊ မြို့နယ်ပညာရေးမှူး ဒေါခင်သက်နိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနိုင်ဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ‌အသိပညာပေး ဟောပြောပွဲသို့ တတ်ရောက်ခဲ့ကြသည်။

မျိုးဇော်သိန်း