ကြံခင်း ဇန်နဝါရ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ ကရင်စုကျေးရွာ မဟာအတုလတန် ဆောင်းကျောင်းတိုက်တွင်ယနေ့နံနက် (၈)နာရီခွဲအချိန်က အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း (၁/၂၀၂၂)ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြိုနယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးကြည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပို့ချသင်ကြားပေးသော စာတွေ့၊ လက်တွေ့ဘာသာရပ်များအား သေချာလေ့လာ သင်ယူကြစေလိုကြောင်း၊ စေတနာ့ ဝန်ထမ်းများအနေဖြင့် ပြည်သူအကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံရှေးဦး သူနာပြုစုခြင်းသည် အဓိက အခန်းဂဏ္ဍတွင် ပါဝင်သဖြင့် ဂရုစိုက်မှတ်သားလေ့လာဖို့ ပြောကြားပါသည်။
ထိုနောက် သင်တန်းစတင်ရာ မြို့နယ်တပ်ခွဲမှုး ဒေါ်ခင်ခင်စန်းနှင့် ဒု-မြို့နယ်တပ်ခွဲမှူး ဦးရဲမြင့်မြတ်တို့မှ ရှေးဦးပြုစု သူ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ၊ ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ အခြေခံအသက်ကယ် အထောက်အကူပြုပုံ၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ပြုစုစောင်ရှောက်ခြင်း သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။
အဆိုပါသင်တန်းကို ကျန်းမာစေလိုပရဟိတလူမှုကူညီရေးအသင်းသူ၊ အသင်းသား (၃၀)ဦး တတ်ရောက်ကြကြောင်းနှင့် သင်တန်းပို့ချပေးသည့်ကာလမှာ (၁၂-၁-၂၀၂၂)မှ (၁၄-၁-၂၀၂၂)ရက်နေ့ထိ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမှာဖြစ် ကြောင်း သိရသည်။
မိုးမိုး