မြေပုံ ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေပုံမြို့နယ် ရုံးဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာမ ခင်မေထက် (ပညာရေး)၏“စနစ်သစ်ပညာရေးနှင့် ဆောင်ယူမည့် လေညင်းလေး”စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ အသင်းဝင်များဖြစ်သည့် မအေးသူဇာဝင်းက“စနစ်သစ်ပညာရေးနဲ့ ပူးပေါင်းမယ့် သူတွေ”၊ မောင်ကောင်းမြတ်ဦး က “စနစ်ပညာရေးနဲ့အဆင်သင့်မဖြစ်သေးသူများ၊ စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုလေ့လာနားလည်မှုများအား အသိပညာဗဟုသုတများ မျှဝေနိုင်ရန် အပြန်အလှန် ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)