သာကေတ ဇန်နဝါရီ ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီ၌ စုရပ်(၄)နေရာ၌ ဆက်လက်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ပဉ္စမအကြိမ်မြောက် (ဒုတိယအကြိမ်) sinovac ကာကွယ်ဆေးကို ၃/ရန်ပြေရပ်ကွက်၊ ဗုဒ္ဓဝေယျဝစ္စဓမ္မာရုံစုရပ်၌ (၄၅၇)ဦး၊ ဇိနမာရ်အောင် စေတီတော်ဝင်း၊ ဝိမုတ္တိရသဓမ္မာရုံစုရပ်၌ (၄၉၂)ဦး၊ ဇိနမာရ်အောင်စေတီတော်ဝင်း၊ အောင်တော်မှု တန်ဆောင်းစုရပ်၌ (၅၄၄)ဦး၊ ဆဋ္ဌမအကြိမ်မြောက် (ပထမအကြိမ်) Covid shield ကာကွယ်ဆေးကို (၁၀၈)တောင်ဘုရားဝင်းစုရပ်၌ (၅၂၂)ဦးစုစုပေါင်း(၂၀၁၅)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ