သီပေါ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင် မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ် အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေး များဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စာကြည့်တိုက်လက်ထောက်-၃ က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လေးများ သဘာဝပတ်ဝန်းကျင်အား ချစ်ခင်မြတ်နိုးတတ်စေရန်နှင့် သစ်တော၊ သစ်ပင်များအား ကာကွယ် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ တောင်ရိုးစာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် “ပတ်ဝန်းကျင်သာယာ စိတ်ချမ်းသာ” ကဗျာရွတ်ဆိုခြင်းအား Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။
ခင်လေး