ဒဂုံဆိပ်ကမ်း၊ ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ YP စက်သုံးဆီအရောင်းဆိုင်တွင် အထူးစျေးနှုန်းများဖြင့် ဒီဇယ်များဖြန့်ဖြူးရောင်းချပေးလျှက် ရှိပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလွှဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးလျှက် ရှိကြောင်းသိရသည်။
ပြည်သူများအနေဖြင့် ဒီဇယ်စက်သုံးဆီများကို တိုင်ဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ်စျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိပါသည်။
ဖြိုးစန္ဒာကျော်