မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံဗီနိုင်းများအား ယနေ့ နံနက်ပိုင်းမှစတင်၍ ပြသထားရှိရာ ပြည်သူများလာရောက် ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းဓါတ်ပုံများပါဝင်သော ဗီနိုင်းပိုစတာများကို အများပြည်သူများ အလွယ်တကူ လေ့လာသိရှိနိုင်စေရန်အတွက် ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်အောင်