ဒေါ့ဖုန်းယန် ဇန်နဝါရီ ၁၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က Women Club အဖွဲ့နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာမှိုင်း(ဆေး-၂) ရေးသားသည့် ပြတင်းပေါက်ကကြည့်လိုက်ပါ စာအုပ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် (လက်ထောက်-၃) ဒေါ်စိုးအိအိဖြိုးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး Women Club အဖွဲ့ဝင် ဒေါ်အိအိဖြူက “သူ့လမ်းသူလျှောက်ပါစေ” ခေါင်းစဉ်နှင့် စာဖတ်ခြင်းမှာ “မွေ့လျော်သူများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Women Club အဖွဲ့ဝင်ဒေါ်ကြည်ကြည်မြက “မေမေပညာရှိ” ခေါင်းစဉ်နှင့် “ရင်ဆိုင်သင့်တာ ရင်ဆိုင်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဝေဇင်ဖြိုး(စာပေဝါသနာရှင်)က “ပြတင်းပေါက်က ကြည့်လိုက်ပါ” ခေါင်းစဉ်ဖြင့် မိမိတို့ ဖတ်ရှုလေ့လာနားလည်မှုများအား အသိပညာဗဟုသုတများကို မျှဝေနိုင်ရန် အပြန်အလှန်ဆွေး နွေးခြင်း၊ လူငယ်လူရွယ်များအား စာဖတ်ခြင်းအကျိုးကျေးဇူးများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)