ညောင်တုန်း ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က စက္ကော့တောင်ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်ဇေယျနှင့်အဖွဲ့က စက္ကော့တောင်ကျေးရွာအုပ်စုတွင် အိမ်ထောင်စုလူဦးရေစာရင်း (၁၅၀)ခုနှင့် အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြား(၁၁၄)ခုကိုကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)