သာကေတ ဇန်နဝါရီ ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအားပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့် အညီကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယနေ့နံနက်(၁၀)နာရီတွင် (၄)မြောက်ရပ်ကွက်၊ သဗ္ဗမင်္ဂလာသာသနာ့ဗိမ္မာန် တော်တွင် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာန၊ မြို့နယ်ဦးစီးအရာရှိဦးသန်းဦးနှင့် ဝန်ထမ်းများမှဥပဒေနှင့်အညီ နိုင်ငံသားကတ်များပြုလုပ် ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ရွှေ့ပြောင်းပုံစံ(၄)မျိုးဖြင့် ရပ်ကွက်အတွင်းရှိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားသူများ၊ အသက်(၁၈)နှစ် ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်မပြုလုပ်ရသေးသူများ၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)