ဘားအံမြို့၌ စက်ရုံ/အလုပ်ရုံများတွင်  ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်

ဘားအံ ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးအတွက် စက်ရုံအလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့များက ဧကရီကွန်ကရစ်လုပ်ငန်းခွင်နှင့် ကံကောင်းခြင်းရတနာ သစ်ပါး လွှာလုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ခရိုင်အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေး ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စက်ရုံအလုပ်ရုံများတွင် အသုံးပြုသည့် လောင်စာအမျိုးအစား၊ ပုဂ္ဂလိကစက်မှုလု်ပငန်းမှတ်ပုံတင်ခြင်း၊ လိုင်စင်သက်တမ်းတိုး ခြင်းရှိ/မရှိ၊ ကုန်ကြမ်းရရှိမှု၊ ကုန်ကြမ်းသိုလှောင်မှု၊ အသုံးပြုသည့်ကုန်ကြမ်းအမျိုးအစား၊ အသုံးပြု သည့်လုပ်သားအင်အား၊ အသုံးပြု သည့်စက်ပစ္စည်း၊ ကုန်ချောထွက်ရှိမှု၊ တင်ပို့ရောင်းချမှု၊ ကုန်ချောသိုလှောင်ထားရှိမှု၊ စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းအမျိုးအစားများအား စစ်ဆေး၍ ပတ်ဝန်းကျင် ညစ်ညမ်းမှုရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)