တနင်္သာရီမြို့တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်ကာကွယ်ဆေး(ပထမ/ဒုတိယ) အကြိမ်ဆက်လက်ထိုးနှံပေး

တနင်္သာရီ ဇန်နဝါရီ ၁၄

 တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံရန် ကျန်ရှိနေပြီး ကာလသတ်မှတ်ချက်နှင့် အကျုံးဝင်သော (ဒုတိယ)အကြိမ် ထိုးနှံရန်ကျန်ရှိနေသူများအား သတ်မှတ်ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဌာနဆရာ/မ များက ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ​ဆေးထိုးနှံရာတွင် ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ မြို့နယ်မိခင် နှင့် ကလေးကျန်းမာရေးဌာနတွင် သားဖွားဆရာမ ဒေါ်မာမာခိုင်နှင့်ဝန်ထမ်းများက လည်းကောင်း၊ ချောင်းလမုကျေးရွာအုပ်စု-ချောင်းလမုကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ၌သားဖွားဆရာမ ဒေါ်စုစုအောင်နှင့်ဝန်ထမ်းများမှ အသက် (၁၈) နှစ်ပြည့်ပြီးသူများ/ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်ရောဂါ ကာကွယ်ဆေးဖြင့် ပဥ္စမအသုတ် (ဒုတိယ)အကြိမ်အဖြစ် သံဃာတော် (၂)ပါး၊ ဌာနဆိုင်ရာ ဝန်ထမ်း(၁)ဦး၊ပုဂ္ဂလိကစက်ရုံလုပ်သား(၄) ဦး ၊ ပုဂ္ဂလိကသယ် ယူပို့ဆောင်ရေးလုပ်သား(၁) ဦး ၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ(၄၇)ဦး၊ စျေးသည်(၁) ဦး ၊မှီခို(၄) ဦး ပေါင်း(၆၀) ဦးကိုလည်းကောင်း၊   အလားတူ ဆဋ္ဌမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုယ်ဝန်ဆောင်/နို့တိုက်မိခင်များမှ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ (၃၂) ဦး၊ စျေးသည် (၁) ဦး၊ မှီခို(၁၀) ဦး ပေါင်း(၄၄) ဦးကို လည်းကောင်း၊   အလားတူ အိန္ဒိယနိုင်ငံထုတ်(Covid Shield) ကာကွယ်ဆေးဖြင့် ဆဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် အခြားဝင်ငွေရသော လုပ်ငန်းလုပ်ကိုင်သူ(၁၆၅) ဦး၊ စျေးသည်(၃) ဦး၊ မှီခို(၁၇) ဦး ပေါင်း(၁၈၇) ဦးဖြစ်သဖြင့် အားလုံးစုစုပေါင်း (၂၉၁)ဦးတို့အား ထိုးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)