ဆီဆိုင် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကယား ပြည်နယ်မှ တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူများအား ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က ပြည်နယ်ကြက်ခြေနီမှ လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအတွက် စောင်(၁၀၀)ထည်၊ တစ်ကိုယ်ရေသုံးပစ္စည်း(၂၁၀)၊ အမျိုး သမီး အသုံးအဆောင်ပစ္စည်းအိတ်(၁၂၅)၊ ဆေးစိမ်ခြင်ထောင်(၂၁၀)လုံး၊ စုစုပေါင်းငွေကျပ် သိန်း (၅၀) တန်ဖိုးရှိသည့် လူသုံးကုန်ပစ္စည်းများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးညီညီ ဦးဆောင်သော အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် တပ်ဖွဲ့မှူး ဦးမျိုးမင်းဆွေနှင့် တပ်ဖွဲ့ဝင်များက အိမ်ထောင်စု (၂၁၀)စု အတွက် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။
ဆီဆိုင်မြို့နယ်တွင် ၁၇-၉-၂၀၂၁ ရက်နေ့မှ ၁၂-၁-၂၀၂၂ ရက်နေ့အထိ ကယားပြည်နယ်မှ တိုက်ပွဲရှောင် တိုင်ရင်းသားပြည်သူ (၂၃၉၄)ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)