တနင်္သာရီ ဇန်နဝါရီ ၁၄
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ကျေးလက်နေပြည်သူများ ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ(လဝက)မှူး ဦးတင့်နိုင်နှင့်ဝန်ထမ်း(၇)ဦးတို့က သကျက်ကျေးရွာအုပ်စု-ကျေးရွာခွဲ(၈)ရွာမှ ဒေသခံပြည်သူများအား တောင်ဘိန်း (၁)ရွာ စိန်မိုင်ကယ်ဘုရားရှိခိုးကျောင်း-စိန်ဂျူးဓမ္မာရုံအတွင်း၌ ဒုတိယရက်အဖြစ် ယမန်နေ့က ဆက်လက်၍ ကွင်းဆင်းပြုလုပ်ပေးကြကြောင်း သိရှိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ယနေ့ညနေအထိ အသက်(၁၀) နှစ်ပြည့်နိုင်(၃/က)ကျား(၄)+မ(၁၆)ဦးပေါင်း(၂၀)ဦး၊ အသက် (၁၀) နှစ်ပြည့်မှ(၁၈)နှစ်ပြည့် နိုင်(၃/ကမှနိုင်၆/က)သို့လဲလှယ် ကျား(၁၄)ဦး +မ (၃၈)ဦး-ပေါင်း(၅၂)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်(၆/က) ကျား(၈၄)ဦး+မ(၆၄)ဦး ပေါင်း (၁၄၈)ဦး၊ ကတ်ပြားပျောက်ဆုံး/ပျက်စီးသဖြင့် လျှောက်ထားသူ ကျား(၁၁)ဦး+မ(၁၉)ဦး ပေါင်း(၃၀)ဦးတို့နှင့် နိုင်ငံသားကတ်ပြုလုပ်သူ ကျား (၁၁၃)ဦး+ မ(၁၃၉)ဦး အားလုံးစုစုပေါင်း (၂၅၂)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၄၉)စုတို့ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ ၎င်းကျေးရွာအုပ်စုအတွင်းတွင် အိမ်ခြေ(၁၃၀၀) ကျော် ရှိပြီး လူဦးရေ(၇၂၀၀)ကျော်ရှိသဖြင့် ဇန်နဝါရီလ(၁၅) ရက်နေ့အထိ ဆက်လက် ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)