အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြခြင်း ဆောင်ရွက်

အုတ်ဖို ဇန်နဝါရီ ၁၄

ကျောင်းသားကျောင်းသူများ စည်းလုံးမှုရရှိကာ ကျန်းမာရွှင်လန်းပြီး ဉာဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ အ.ထ.က အုတ်ဖိုကျောင်းဝန်း အတွင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးစီးကာ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်မှ ကျောင်အုပ်ဆရာမကြီး ဒေါ်စမ်းစမ်းကြူထံသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ဒေါ်လဲ့လဲ့လွင်က အားကစားပညာရပ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာ အားကစား ပြုလုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အားကစားစိတ်ဓာတ်နှင့် ပတ်သက်သည် များကို အကျယ်တဝင့် ရှင်းလင်းသည်။ ထို့နောက် ဒေါ်လဲ့လဲ့လွင်မှ ကျောင်းသား ကျောင်းသူများ နှင့်အတူ အကြောလျှော့ခြင်း လေ့ကျင့်ခန်းကို ဆောင်ရွက်ပြီး volunteer အဖွဲ့မှ ညီမငယ်များက အားကစားသရုပ်ပြခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)