အမာ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မသန်စွမ်းသူများ ၏အခွင့်အရေးဆိုင်ရာများ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယမန်နေ့ ညနေ ၄ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် မသန်စွမ်းမှုဖြစ်ရခြင်း အကြောင်းအရာများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် ဆက်သွယ်ဆောင်ရွက်၍ ရနိုင်မည့်နည်းလမ်းများ၊ မသန်စွမ်းသူ များ၏ သွင်ပြင်လက္ခဏာများကို နံရံကပ်စာစောင်တွင် အသိပညာပေးပြသခြင်းနှင့် သုတ၊ ရသ စာပေများ၊ အသစ်ရောက်ရှိသည့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ စာဖတ်ပရိသတ်များ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများက လာရောက် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အမာ (ပြန်/ဆက်)