မိုးကောင်း ဇန်နဝါရီ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ Community Centre ခန်းမ၌ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၁၄ ရက် နံနက်(၉)နာရီ တွင် ခင်းကျင်းပြသထားလျှက်ရှိကြောင်း သိရသည်။
သုတ/ရသစာအုပ်စာစောင် (၁၀၀)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးတို့ကို ပြသထား ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ခင်းကျင်းပြသထားမှုကို နံနက် (၉)နာရီခွဲမှ ညနေ (၄)နာရီခွဲထိ ပြသထားပြီး စိတ်ဝင်စားသည့် စာဖတ်ပရိတ်သတ်များလာရောက် ကြည့်ရှုကြောင်း သိရသည်။
သန်းလွင်ဦး