ငရုတ်ကောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ငရုတ်ကောင်း      ဇန်နဝါရီ       ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့၊ နေ့လည်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများ အတွက် ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်းစာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း