ဟိုင်းကြီးကျွန်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် ပုံပြင်ပြောခြင်းအစီအစဉ် ဆောင်ရွက်ပေးလျက်ရှိ

ဟိုင်းကြီးကျွန်း  ဇန်နဝါရီ ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည် ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို နေ့စဉ်ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက  ခမီတိုင်းရင်းသားစာပေ နှင့် ယဥ်ကျေးမှုအသင်းမှ ရေးသားပြုစု ထားသော "ပုရွက်ဆိတ် နဲ့ နှံကောင် "   စာအုပ်ဖြင့် ပုံပြင်ပြောခြင်း အစီအစဉ်ကို  ရိုက်ကူး ထုတ်လွှင့်တင်ဆက်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိတ်သတ် ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊သမီးငယ်လေးများအတွက် စာပေ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဦးစီးမှူး နှင့် ဝန်ထမ်းများက Online မှ တစ်ဆင့် သုတ၊ ရသ စာအုပ် မိတ် ဆက် အစီအစဉ် ၊ ပုံပြင်ပြောခြင်း အစီအစဉ်၊ ကဗျာရွတ် အစီအစဉ်၊ စက္ကူအရုပ်ခေါက်အစီအစဉ် များကို စဉ်ဆက်မပြတ် ရိုက်ကူးပြီး ဟိုင်းကြီးကျွန်းမြို့ပြည်သူ့စာကြည့်တိုက် Facebook  Page မှတစ်ဆင့်တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။

နွေးနွေးအောင်ကြွယ်