မိုးညို ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ်၊ မီနီဘတ်ဂျက် ဖြင့် အောက်တိုဘာလမှ မတ်လအထိ ၆ လစာအတွက် မိုးညိုမြို့ပေါ် (၅)ရပ်ကွက်ရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ယမန်နေ့က မိုးညိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ဝန်ထမ်း များ၊ မြို့ပေါ်(၅)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ရာ မိုးညိုမြို့နယ်အတွင်းရှိ မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာ/အုပ်စု (၃၇)အုပ်စုတို့မှ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၀၁၂)ဦးအား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃၀၃၆၀၀၀၀)ကျပ် အား ကျေးရွာ၊ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးစာရေးဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာ အုပ်စုများရှိ သက်ကြီးဘိုးဘွားများကို အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)