ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိပညာပေး MaskCampaignဆောင်ရွက်

ကဝ ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျဌာနဆိုင်ရာများက  ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး  Mask Campaign ပြုလုပ်ခြင်းကို ပဲခူး-ကဝလမ်းမကြီး ရန်မျိုးအောင်ဘုရားလမ်းထိပ်၌ ယနေ့နံနက် (၉:၀၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့တာဝန်ကျဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ရောဂါကူးစက်မှုကို  ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့သွားလာပါက  ပါးစပ်နှင့်နှာခေါင်းစည်းMaskကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေး ပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်းMaskများ မပါသူများကို ယခုဝယ် ယခုတပ်စနစ် ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုလျော့ကျနေသော်လည်း  ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များကို     ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိ ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်  ဌာနဆိုင်ရာများအား အဖွဲ့(၅)ဖွဲ့ဖွဲ့၍   နေ့စဉ်အလှည့်ကျ  ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)