ဖာပွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဖာပွန်    ဇန်နဝါရီ ၁၄

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် () နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာအောင်ကိုဦးရေးသား ထားသော "လူငယ်တွေစဉ်းစားဖို့"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်း က လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်သည် လူငယ်များအနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းမှ စာပေဝါသနာရှင်များက စာအုပ်တွင် ပါရှိသည့် လူတိုင်းသည် မွေးဖွားချိန်မှ သေဆုံးချိန်ထိ အသေးအဖွဲ့ကိစ္စများမှ ဘ၀တွင် သက်ဆိုင်သော ကိစ္စများအထိ နေ့စဉ်နှင့်အမျှ ရွေးချယ်မှုပေါင်း များစွာနှင့် ရင်ဆိုင်ကြုံတွေ့ရကြောင်း၊ လူငယ်များအတွက် ဘ၀ခရီးလျှောက်လှမ်းရာ လမ်းတစ်လျှောက်တွင် ပညာရေး၊ အလုပ်အကိုင်အခွင့် အလမ်းရွေးချယ်ခွင့်နှင့် ပတ်သက်၍ မိမိအမှန် တကယ် စိတ်၀င်စားရာ၊ ဝါသနာပါရာအလုပ်ကို မှန်ကန်စွာ ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ဘ၀မှာ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရန် ခံနိုင်ရည်ရှိမှသာ မိမိလျှောက်သော လမ်းသည် ပျောက်သွားမှု မရှိသည်ကို လူငယ်များ အထူးသတိပြုရန် လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို အကျဉ်းချုပ် အပြန် အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)