အိမ်မဲ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလွှမ်းသီဟ က အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးမှူးက သုတပဒေ သာစာစောင်အတွဲ(၄၈)၊အမှတ်(၁၁) လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်(မျက်နှာဖုံးဆောင်းပါး)စာအုပ်မှ "လူကုန်ကူးမှုမာယာထောင်ချောက်"၊"လူကုန်ကူးခြင်းသို့မဟုတ်လူ့အခွင့်ရေးချိုးဖောက်ခြင်း"ခေါင်းစဥ်၊စာထောက်-၃ ဒေါ်အေးအေးမူ က "ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်ကျယ်ပြန့်စွာဖြစ်ပွားလျက်ရှိသည့်လူကုန်ကူးမှုဖြစ်စဥ်များ"၊"မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်လူကုန်ကူးမှုဖြစ်စဥ်များ"ခေါင်းစဥ်၊ ရုပ်သံကျွမ်းကျင်(၃)ဒေါ်နွဲ့ယဥ်စိုး က "လူကုန်ကူးမှုဖြစ်ပွားရသည့်အကြောင်းအရင်း"၊"လူကုန်ကူးမှုပြစ်မှု၊ပြစ်ဒဏ်များ"ခေါင်းစဥ်များဖြင့် အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
အိမ်မဲမြို့နယ် (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ Talk Show များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)