မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းလုံ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ  ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ ကျန်းမာရေးဆိုင်ရာ အသိအမြင် ဗဟုသုတများကို  လက်တွေ့ဘဝတွင် အသုံးချတတ်လာစေရန် ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၏ “ပြည်သူများအတွက် ကျမ်းမာရေးဆိုင်ရာ အကြုံပြုချက် ဆောင်ပါးများ”   စာအုပ်ဖြင့် ယနေ့နံနက် (၁၁:ဝဝ) အချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌  စာဖတ်ဝိုင်း  ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်ဌေးဌေးဝင်းက စာပေချစ်သူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန် အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး  အမှားအမှန်ကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့် ရည်ရွယ်ချက်များကို ရရှိစေရန် ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော (Book Club) အသင်းမှ စာအုပ်စာစောင် ချစ်မြတ်နိုးသူများက “ပြည်သူများအတွက် ကျန်းမာရေး ဆိုင်ရာ အကြုံပြုချက် ဆောင်ပါးများ” စာအုပ်တွင်ပါရှိသော ခေါင်းစဉ်ပါ အကြောင်းအရာများကို အပြန်အလှန် အကျဉ်းချုပ် ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre တွင် တစ်လတစ်ကြိမ် လစဉ်ပုံမှန် ဆောင်ရွက်သွားမည့် အကြောင်းကို မိုင်းလုံမြို့ ပြန်/ဆက်ရုံးမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

ဇော်ဇော်