အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ)တွင် တည်ဆောက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဂန့်ဂေါ  ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ)တွင် ဆရာ/ဆရာမ အိပ်ဆောင်နှင့် ကျောင်းသား/သူ အိပ်ဆောင်တို့ကို တည်ဆောက်လျက်ရာ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအား ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးသည် ခရိုင်/မြို့နယ် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်း အချိန်က အဆိုပါ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိကာ လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

တည်ဆောက်လျက်ရှိသော အဆိုပါ ဆရာ/မ အိပ်ဆောင်သစ်မှာ (၇၈ x ၉၄) ပေ (RC) (၄)ခန်းတွဲ ၄ ထပ် ဆရာ/မ အိပ်ဆောင်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၄၆၉.၅၈၄) ကျပ်သန်းဖြင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ကျောင်းသားအိပ်ဆောင်သစ်မှာ (၂၁၁ x ၇၀) ပေ (RC) (၄)ခန်းတွဲ ၄ ထပ် (၁၆၀)ဦးဆံ့ ကျောင်းသားအိပ်ဆောင်ဖြစ်ပြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၉၅၂.၄၆၆)ကျပ်သန်းဖြင့် ဆောင်ရွက်နေမှုအခြေအနေများနှင့် ကျောင်းသူအိပ်ဆောင် သစ်မှာ (၂၁၁ x ၇၀) ပေ (RC) (၄)ခန်းတွဲ ၄ ထပ် (၁၆၀)ဦးဆံ့ ကျောင်းသူအိပ်ဆောင်ဖြစ်ပြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၉၅၂.၄၆၆)ကျပ်သန်းဖြင့် ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ)တွင် ခရိုင်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းမှုမရှိသည့် အခြေအနေများကြောင့်  သင်တန်းသား/သူများအား ဖွင့်လှစ်သင်ကြားနိုင်မှု မရှိနိုင်ပါကြောင်းနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးမှ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ဝယ်ယူစားသောက်နိုင်ရန်အတွက် ထောက်ပံ့ငွေကျပ်တစ်သိန်းတိတိကို ဒုတိယကျောင်းအုပ်ကြီး ဦးညိုချောထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)