ကြံခင်း ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင်အသက်၁၈နှစ်နှင့်အထက် တစ်ကြိမ်တခါမှကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးရသေးသော ရဟန်း၊သံဃာ၊ပြည်သူများကိုယနေ့နံနက်(၉)နာရီခွဲအချိန်ကကြံခင်းမြို့သာသနာ့ဗိမာန်ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမ)အကြိမ်စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိရဟန်း၊သံဃာ၊ပြည်သူ(၁၇၆)ဦးအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမ)အကြိမ်စတင်ထိုးနှံပေးရာ ဆေးထိုးစုရပ်သို့လာသောပြည်သူများကိုမှတ်ပုံတင်ကဒ်များဖြင့်စနစ်တစ်ကျထိုးနှံပေးလျက်ရှိကြောင်း၊ ယနေ့ကာကွယ်ဆေးထိုးနှံပြီးသူများကို(၂၈)ရက်မြောက်နေ့တွင်(ဒုတိယ)အကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ မြို့နယ်ဌာနဆိုင်ရာကြီးကြပ်တာဝန်ရှိသူထံမှသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံစုရပ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီထိုးနှံပေးနိုင်ရေးအတွက် စိစစ်ကြီးကြပ်ရေးတာဝန်ကျမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့်သက်ဆိုင်ရာကျန်းမာရေးမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်တာဝန်ရှိသူများပူးပေါင်းပြီး ကာကွယ်ဆေးထိုးပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင်ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့စောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်းသိရသည်။
မိုးမိုး