မံစီမြို့နယ် (Community Centre)ခန်းမ၌ ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်းများဆောင်ရွက်

မံစီ      ဇန်နဝါရီ        ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်းအစီအစဉ်အဖြစ် ( Fitness Dance ) အကများကို အွန်လိုင်းမှ ထုတ်လွှင့်ရန် ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့်( Fitness Dance ) အကသည် ကျန်းမာရေး အတွက် အထောက်အကူပြုသည့် ကိုယ်လက်လှုပ်ရှားအားကစားနည်းဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအား ကျန်းမာရေး အလေးထားဂရုပြုစေရန်နှင့် မိမိတို့အိမ်၌ ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်းများကို လိုက်ပါဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စီစဉ်ရိုက်ကူးခြင်းဖြစ်ပြီး အွန်လိုင်းမှတဆင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။