မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေ းပူးပေါင်းစစ်ဆေး

မောက်မယ်    ဇန်နဝါရီ   ၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် မီးလောင်မှု ၊ မီးလန့်မှုများ မဖြစ်ပေါ်စေရန် မောက်မယ်မြို့နယ် မီးသတ်ဉီးစီးဌာနမှ  မီးသတ်ဉီးစီးမှူး ဉီးဟိန်းလင်းထိုက်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများတို့က ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက  မြို့နယ်စည်ပင်သာယာမြို့မစျေး ဆိုင်ခန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ စစ်ဆေးရာတွင်  မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်း  အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ပါ၀င်ပြီး မောက်မယ်မြို့နယ်အတွင်း မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေး ၊ မီးသတ်ဆေဘူးများ ထားရှိရေး ၊ မီးလောင်မှုများ ဖြစ်ပွားပါကလည်း ဆုံးရှုံးမှုနည်းပါးစေရေးနှင့် အချိန်မီ မီးငြှိမ်းသတ်ရေး တို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)