မံစီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်ထိုးနှံထားပြီးသူများကို  ဒုတိယအကြိမ် ထပ်မံထိုးနှံဆောင်ရွက်ပေး

မံစီ  ဇန်နဝါရီ  ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်ထိုးနှံပြီးသူများကို မံစီမြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ဒုတိယအကြိမ် ထမ်မံထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မံစီမြို့နယ်အတွင်းထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှာ  ( Sinopharm ) ကာကွယ်ဆေးဖြစ်ပြီး ပဉ္စမအသုတ် ပထမအကြိမ်ထိုးနှံပြီးသူ ( ၄၈၅၅ )ဦးကို ဒုတိယအကြိမ် ထပ်မံထိုးနှံပေးနေခြင်းဖြစ်ပြီး စတုတ္ထအသုတ်ထိုးနှံချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိနေသူများကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးလမ်းညွှန် ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံဆောင်ရွက်ပေးခဲ့ ကြသည်။

မံစီမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပြီးသူ ကာကွယ်ဆေးထိုးရန်အကျုံးဝင်သည့်လူဦးရေ၏ ( ၃၉ ဒဿမ ၆၄ ) ရာခိုင်နှုန်းကို ထိုးနှံပေးခဲ့ပြီး၊ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။