ကျောက်ဆည်မြို့နယ်တွင်ခတက်ကုန်းကျေးရွာနှင့်မုန်တိုင်ကျေးရွာချင်းဆက်လမ်းပေါ်၌Box Culvert တံတားတစ်စင်းဆောက်လုပ်ပေး

ကျောက်ဆည်  ဇန်နဝါရီ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက် ကွာဟမှုလျော့နည်းစေရေး၊ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျေးလက်လမ်းများနှင့် တံတားများအား ပြုပြင်ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ခံတက်ကုန်းကျေးရွာနှင့် မုန်တိုင် ကျေးရွာချင်းဆက်လမ်းပေါ် Box Culvet တံတား(၁)စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။

အဆိုပါတံတားအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၆)သန်းအကုန်အကျခံကာ အရှည်(၅)၊ အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေ ဆောက်လုပ်ခြင်းဖြစ်ပြီး သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူကာ ဆောက်ရွက်ပေးလျက်ရှိကြောင်း သိရှိ ရသည်။

တံတားပြီးစီးသွားပါက ခတက်ကုန်းကျေးရွာနှင့်မုန်တိုင်ကျေးရွာ(၂)ရွာမှ ကျေးလက်ထုတ်ကုန် များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ အချိန်တိုအတွင်းလွယ်ကူစွာ ပို့ဆောင်နိုင်တော့မည့်အပြင် အိမ်ထာင်စု (၄၆၃)စုမှ လူဦးရေ(၂၃၆၄)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများလည်း အဆင်ပြေမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)